မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးတို့တွင် ဥပုသ်သီလ ခံယူဆောက်တည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကား
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မဟာသင်္ကြန်အကျနေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိ ကျောင်းများဖြစ်ကြသော မြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိပြီး ယင်းကျောင်းတိုက်များတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ဒါနကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။