ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ခုတင်(၅၀၀) ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများပေးအပ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ပေးအပ်ပြီး ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။