ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံး ကုမုဒြာခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်အချိန်က စာပေချစ်မြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်အချိန်က စာပေချစ်မြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျဖြန့်ဝေ ရောင်းချနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျဖြန့်ဝေ ရောင်းချနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစည်းရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆီစက်နှင့်ဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် စစ်တွေမြို့မဈေးကော်မတီများ တက်ရောက်ကြသည်။

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် AEFI Refresher Training အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် AEFI Refresher Training အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဂွမြို့နယ်မှ ပြည်သူများ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ဆေးကုသမှုခံယူနိုင်ရန် ကြိုတင်စာရင်းပေးသွင်းနိုင်

ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (၁၃.၁.၂၀၂၄) နှင့် (၁၄.၁.၂၀၂၄) ရက်နေ့များ၌ အထွေထွေရောဂါကု၊ ပါမောက္ခအထူးကု ဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုပေးသွားမည်ဖြစ်ရာ ဂွမြို့နယ်မှပြည်သူများ ဆေးကုသမှုခံယူလိုပါက ၈.၁.၂၀၂၄ ရက် (တနင်္လာနေ့) နံနက် ၉ နာရီမှစ၍ သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီး Reception Counter (ဧည့်ကြိုဌာန)တွင်လည်းကောင်း၊ ဂွမြို့မှပြည်သူများ လာရောက်ပြသလိုပါက သက်ဆိုင်ရာမြို့နယ်ဆေးရုံများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စားသောက်ရေးအဆင်မပြေသော မိသားစုဝင်များအား ထမင်းဘူး၊ ပဲနှင့်ဆန်များလှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့အတွင်းရှိ စားရေးသောက်ရေးအဆင်မပြေသော မိသားစုဝင်များအား ထမင်းဘူး၊ ပဲနှင့်ဆန်များကို ရသေ့တောင်မြို့နယ်၊ နာရေးကူညီမှုအသင်းနှင့် ရပ်နီးရပ်ဝေးမှစေတနာရှင်အလှူရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းကူညီလှူဒါန်းကြသော

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိလာမှုနှင့် စစ်တွေလေဆိပ်တို့အား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများအား စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုနှင့် စစ်တွေလေဆိပ်တို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်အိတ်များကို မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများသို့ ဇန်နဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၁ နာရီက သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာ၌ ကြိုးတံတားတည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်