၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁)ကို ယနေ့ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် (၆) နာရီမှစတင် ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် တောင်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ စနစ်ကျစွာဖြင့်တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။ အလားတူ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ မူဆယ်မြို့နယ်များအပါဝင် ရွေးကောက်ပွဲအပိုင်း (၁)တွင် ပါဝင်သည့် မြို့နယ်(၁၂)မြို့နယ်တို့တွင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။