တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ပွဲ၏ ကိုယ်ကာယကြံ့ခိုင်မှုအား ဆက်လက်စစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ၏ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းကြီး၌ ဆက်လက်၍ ယှဉ်ပြိုင်ရွေးချယ်ကြသည်။