ရှမ်းပြည်နယ်

မိုင်းရှူးမြို့၌ HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် HIV/AIDS ရောဂါနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အ.ထ.က မိုင်းနောင်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က မိုင်းနောင်ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်၍ ဉာဏရည်မြင့်မားစေရန် (စတုတ္ထအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က ကျွေးမွေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာအုပ်စာပေဖတ်ရှုမှု မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ပင်လုံ​မြို့၌ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၄) ကြိမ်​မြောက်School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော  ​ကျောင်းသားလေးအား ကြိုဆိုဂုဏ်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   လွိုင်လင်ခရိုင်ပင်လုံမြို့၌  ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် (၁၄) ကြိမ်​မြောက် School Game ပြိုင်ပွဲ၌ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်မှ တစ်ဦးတည်းသော ဘတ်စကက်ဘောမြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် ​ရွေးချယ်ခြင်းခံရသော ​အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသော (Grade- 10) ကျောင်းသား မောင်ပြည့်ဖြိုးကျော်အား ယနေ့နေ့လယ် ၁ နာရီက ပင်လုံမြို့ မြို့အဝင်ထိသွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ကျေးသီးမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ကျေးသီးမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အသိပညာပေးလုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့သည်။ 

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့သည် ယမန်နေ့က မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်းဖယ်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အ.ထ.ကကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်စ၍က အဆိုပါကျောင်းရှေ့စဝ်စံထွန်းလမ်းနှင့် တပ်နယ်ဘောလုံးအားကစားကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
Subscribe to ရှမ်းပြည်နယ်