ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မိုင်းပျဉ်းမြို့ အ.ထ.က(မိုင်းပျဉ်း)၊ မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံနှင့် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးတို့အား ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ရှိ အ.ထ.က(မိုင်းပျဉ်း)စာစစ်ဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးတို့အား ယမန်နေ့ နံနက် (၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။