ရှမ်းပြည်နယ်

မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းများဖောင်းပွမှုမရှိစေရေး မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို  ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လဲချားမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ(ဒုတိယ)အကြိမ် ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊‌ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ပထမ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူး‌ပေါင်းဆောင်ရွက်လျက်ရှိပါသည်။

မိုင်းပျဉ်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းစိစစ်ခြင်းကို နောက်ဆုံးနေ့စိစစ်ခြင်းအနေဖြင့် ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြကြောင်းသိရသည်။

မူဆယ်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မူဆယ်မြို့ မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရန်ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (အလက-၁)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ပြန်လည်စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံနှင့်ညမီးကြီးမီးပုံးပျံများဆက်လက် လွှတ်တင်ယှဉ်ပြိုင်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံများနှင့် ညမီးကြီးမီးပုံးပျံများလွှတ်တင် ယှဥ်ပြိုင်ပွဲကို ယမန်နေ့ညက အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

မူဆယ်မြို့တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ကောင်းမူး) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် လင်ဖူးကျေးရွာ၌ သောက်သုံးရေရရှိရေး တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နောင်လိုင်ကျေးရွာအုပ်စု ၊လင်ဖူးကျေးရွာ နေဒေသခံပြည်သူများ နွေရာသီသောက်သုံးရေဖူလုံစွာရရှိရေးအတွက် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းနှင့်ဆက်စပ်သောလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ယမန်နေ့နက်နက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉) နာရီခွဲအချိန်က  မိုင်းရှူးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်