ရှမ်းပြည်နယ်

ကျောက်မဲမြို့၌ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး Placement Test(အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုကို တာဝန်ရှိသူများ ကြည့်ရှုအားပေး

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးငယ်များ(မူလတန်းဆင့်နှင့် အလယ်တန်းဆင့်) ကျောင်းပြန်လည်တက်ရောက်နိုင်ရေးအတွက် ဖွင့်လှစ်ပေးသည့် အရည်အချင်းစစ်ဆေးခြင်းလုပ်ငန်း Placement Test(အထူးအစီအစဉ်) စာမေးပွဲကို ယမန်နေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျင်းပသည်။

ကျောက်မဲမြို့ အ.ထ.က(၄)၌ မီးဘေးကာကွယ်ရေး အသိပညာပေးဟောပြော၍ လက်တွေ့ သရုပ်ပြ

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဉာဏ်မြင့်ထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက ကျောက်မဲမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ပင်းတယမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ဒုတိယ)အကြိမ် ဆင်းပွဲကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ‌ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဆောင်ရွက်မည့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်း (ဒုတိယ) အကြိမ်ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ Placemet Test(အထူးအစီအစဉ်) ရေးဖြေစာမေးပွဲဖြေဆိုလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placemet Test (အထူးအစီအစဉ်) ရေးဖြေစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကိုအဓိကထားပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်စိုက်ပျိုးကြသည့် ဒေသတစ်ခုဖြစ်သည်။ ယခုအခါ မြေပဲစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြကြောင်း သိရသည်။

ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခန်းမတွင် ကျင်းပသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းတို့ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမတွင်ကျင်းပသည်။‌

ကျိုင်းတုံမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်သာသနာရေးမှူး ဦးကိုကိုအောင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။‌

ကျိုင်းတုံမြို့၌ (၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

(၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်