ရှမ်းပြည်နယ်

ကျောက်တလုံးကြီးမြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင်  မိသားစုအပိုဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အသိပညာပေးခြင်းကို မတ်လ ၈ ရက်နေ့တွင် မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့များက အသီးသီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့ တာလေကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ တာလေကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားနှင့် AFC WOMEN´S FOOTBALL DAY 2026 ဘောလုံးအားကစားပွဲတော် တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။

ကာလိမြို့၌ စက်သုံးဆီဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့်စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံဆီဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်သူနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကျေးသီးမြို့၌ နွေရာသီအ​ခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့၌​​ နွေရာသီအ​ခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း(၉)နာရီ၌ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၂/၂၀၂၆) ကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်အကြီးအကဲများနှင့်အတူ မတ်(၇)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ်(၂/၂၀၂၆) သို့တက်ရောက်ကြသည်။

၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်သည့်၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲရှုံး/ထွက် ဆက်လက်ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ပွဲစဉ်အဖြစ် Shan Youth အသင်းနှင့်  MOD FC အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် မတ် ၇ ရက် ညနေ ၃ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်းပနားဗွာ-လင်းကွင်း-ထီရီ (မွေးမြူရေးဇုန်) ရွှေညောင်လမ်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး- နောင်းပနားဗွာ-လင်းကွင်း-ထီရီ (မွေးမြူရေဇုန်) ရွှေညောင်လမ်းလုပ်ငန်းဆောင်ရွက်နေမှု မိုင်တိုင်အမှတ်၇/၇-၈/၀မိုင်ကြား၊မိုင်တိုင်အမှတ်၄/၅-၄/၆ မိုင်တိုင်ကြားအားမတ် ၇ ရက် နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ခိုလမ်မြို့တွင်လျှပ်စစ်ဓါတ်အားလိုင်းပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလအတွင်း ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ ပြည်သူများလျှပ်စစ်မီးသုံးစွဲရာတွင် အဆင် ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ် ဓါတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း စစ် ဆေးခြင်း လုပ်ငန်းများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။
Subscribe to ရှမ်းပြည်နယ်