မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်အသင်း (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကျင်းပ
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Myanmar Real Estate Services Association (Eastern Shan State- ESSRESA) အသင်း၏ ပဉ္စမအကြိမ်မြောက် ၂၀၂၆-၂၀၂၉ ခုနှစ် (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကောင်းရပ်ကွက် Happy Sense တွင် ကျင်းပခဲ့သည်။