ရှမ်းပြည်နယ်

လဲချားမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဉီးစီးဌာနမှ နွေရာသီကာလတွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၆) မျိုးကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် ပြသ

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို မတ်လ ၄ ရက်နေ့က ကျိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။

ပင်လောင်းမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းများနှင့် အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြား

ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အားကစားကဏ္ဍများတွင် အလားအလာကောင်းသည့် ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ပညာဘာသာရပ်ဆိုင်ရာ နားလည်တတ်ကျွမ်းမှုရရှိ‌စေရန်ရည်ရွယ်၍ အားကစားသင်တန်းများနှင့် အင်္ဂလိပ်စာသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၃ ရက်နေ့မှစတင်ကာ အောင်ဇေယျဘက်စုံအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အား ကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီးအရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ဆိုလာပြား အပူလွန်ကဲရာမှ ယမန်နေ့မွန်းလွဲပိုင်းက နေအိမ် (၂) လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ‌‌တောင်သူစိုင်းထွန်းဆိုင်က ပြောကြားခဲ့သည်။

မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသား/ကျောင်းသူ ၄ ဦးထွက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် လူရည်ချွန်ရွေးချယ်ခံရသည့် ကျောင်းသား/ကျောင်းသူ ၄ ဦးရှိကြောင်း သိရှိရသည်။
Subscribe to ရှမ်းပြည်နယ်