ရှမ်းပြည်နယ်

မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်စာပေ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ် မှန်ကန်စေရေး၊ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်နှင့်စာပေ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ၊ ဝန်ဆောင်ခကောက်ခံခြင်းလုပ်ငန်းများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် တောင်ကြီးအီကိုပုဂ္ဂလိက အမှိုက်နှင့်မိလ္လာ သိမ်းဆည်းရေးကုမ္ပဏီတို့၏ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ၊ ဝန်ဆောင်ခကောက်ခံခြင်း လုပ်ငန်းများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်ပရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ခေတ္တညွှန်ကြားရေးမှူး ဦးနေလင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ တောင်ကြီးအီကိုကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းအုန်းမြင့်နှင့်တာဝန်ရှိသူများ၊ တောင်ကြီးမြို့နေ ပြည်သူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

မိုင်းနောင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျေးသီးမြို့နယ် ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒီဇင်ဘာလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီခွဲအချိန်က  သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ခိုလမ်မြို့ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ခရစ္စမတ်ပွဲတော်ကျင်းပ

ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမ၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်၊ ဓမ္မဆရာများ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တာလေမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့နယ် တရာရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အိမ်ရာအဆောက်အဦ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တာချီလိတ်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၂) ကြိမ်မြောက် ကရင်အမျိုးသားများ စုပေါင်း၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကရင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ Happy Sence တွင် ကျင်းပသည်။

နမ့်စန်မြို့နယ်၌ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ကြိုတင်ဆန္ဒမဲပုံးများအလွတ်ဖြစ်ကြောင်း ပြသပြီး လုံခြုံရေးကြိုးတပ်ဆင်ပိတ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ စိန်ရတုပွဲတော် ကျင်းပနိုင်ရန် ဆွေးနွေးညှိနှိုင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ (၇၅) နှစ်မြောက် စိန်ရတုပွဲတော် ကျင်းပနိုင်ရန် အကြိုဆွေးနွေးညှိနှိုင်းပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်