နောင်တရားမြို့ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းသို့ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen လာရောက်လေ့လာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာ၌ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်ဆောင်ရွက်နေသည့် ကော်ဖီစိုက်ပျိုးရေးခြံသို့ မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC) တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် သန့်လွင်မောင်နှင့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင်း လာရောက်လေ့လာသည်။