ရှမ်းပြည်နယ်

တန့်ယန်းမြို့နယ်တွင် ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဝင်္ကဘာပွဲတော် ကျင်းပမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ဝေဠုဝန် ပရိယတ္တိစာသင်တိုက်၌ (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဝင်္ကဘာဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ နားဟိုင်းလုံဘုန်းတော်ကြီးကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ် ကုန်းလမ်းကျေးရွာတွင် ယင်းနက်တိုင်းရင်းသားရိုးရာ ဝါးတူရိယာ(ကက်ကောင်)ပြုလုပ်ခြင်းနှင့် အတီးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယင်းနက် တိုင်းရင်းသားရိုးရာ ဝါးတူရိယာ(ကက်ကောင်)ပြုလုပ်ခြင်းနှင့် အတီးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မက်မွန်မုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ယင်းနက်တိုင်းရင်းသားနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်လုံးဆိုင်ရာ (နဝမ)အကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလကအသင်းကြီးမှ ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ မြို့နယ်လုံးဆိုင်ရာ (နဝမ) အကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲကို လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်နှင့် နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ကျင်းပလျက်ရှိသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တောင်ကြီးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၈၆) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟိုပုံးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက်(၈)နာရီကကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် စိန်မြင့်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

မိုးနဲမြို့နယ်တွင် ဆောင်းသီနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချိန်တွင် အောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဆိုင်းဖယ်ကျေးရွာတွင် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း အဆိုပါကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦး‌ကျော်လတ်က ပြောကြားခဲ့သည်။

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးများ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် ပုံပြင်ပြောခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ကလေးစာဖတ်ခန်းတွင် ကလေးများဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်းနှင့် ပုံပြင်ပြောပြိုင်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တောင်ကြီးမြို့၊ အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တာလေမြို့၌ မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားလူမျိုးများ ၏စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်