ရှမ်းပြည်နယ်

ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ၁၁ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၇ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အမိန့်အမှတ်(၂/၂၀၂၆)အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၇ ဦးကို ယနေ့က လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောနှင့် နံရံကပ်စာ‌စောင်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွှဲ ၁ နာရီက (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်း‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် (၄)နာရီ (၂၀) မိနစ်အချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး စစ်ရေးပြကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

ကလောမြို့နယ်၌ (၇၈)နှစ် လွတ်လပ်ရေး‌နေ့ ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ရက်နေ့ နံနက် ၁၀ နာရီက (၇၈)နှစ်လွတ်လပ်ရေး‌ နေ့ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲ‌တော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မီ အမှတ်(၁)အခြေခံပညာအထက်ကျောင်းဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့က တက်ရောက်လာကြသော ဧည့်ပရိသတ်များအား တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည်။

မိုင်းယန်းခရိုင်/ မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်