ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပရန် MEVM မဲပေးစက်များ ရောက်ရှိ

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ မိုးနဲမြို့နယ်သို့ ယမန်နေ့ည‌‌နေပိုင်းအချိန်က‌ ရောက်ရှိခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသရေးအကြို စမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ်ပုံစံယူခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသနိုင်ရေး အကြိုစမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ် ပုံစံယူခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြင်ပလူနာနှင့် ပြင်ပလူနာအထူးကုဌာန (အရေးပေါ်ဌာန) ၌ ဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် (၈၉၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ညောင်ရွှေမြို့သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကုန်းမြင့်လယ်ယာ‌မြေဖော်ထုတ်ခြင်းစီမံကိန်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂) ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့-ဖာတကျေးရွာအုပ်စု၊ မိုင်းနော့ကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်ခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နမ့်စန်မြို့နယ်တွင် ပြည်သူများကို မျက်လုံးနှင့်ဆိုင်သော ဝေဒနာများ အဆင်ပြေချောမွေ့စွာ အခမဲ့စမ်းသပ်ကုသပေးနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိ၊ မြို့ဖများ စုပေါင်းဆောင်ရွက်မည့် သီတဂူစက္ခုဒါနအလှူတော်အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြို လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်ရှိ မြတ်ရတနာ ဟော်တယ် အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မူဆယ်မြို့၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်ဆင့်/မြို့နယ်ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ ကျူရုံးကျေးရွာ၌ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးလက်ဒေသအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးစီမံချက်ဝင်ကျေးရွာရှိ အမျိုးသမီးစေတနာ့ဝန်ထမ်း၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ကျူရုံးကျေးရွာဘုန်းကြီးကျောင်း၌ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးလက်ဒေသအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးစီမံချက်ဝင်ကျေးရွာရှိ အမျိုးသမီးစေတနာ့ဝန်ထမ်း၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်း ကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥပြုတ်အာဟာရတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥပြုတ်အာဟာရ တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်