ရှမ်းပြည်နယ်

မောက်မယ်မြို့နယ် ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူး(တောင်ပေါ်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ဝမ်ကန်)နှင့် အ.လ.က-ခွဲ(ဆိုင်းလျှံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ နောင်တောင်း အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ် စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင် ဦးရွက်ပြုသူများဖြစ်စေရန်ရည်ရွယ်၍ စာဖတ်ရှန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်တောင်းကျေးရွာရှိ နောင်တောင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (communitycenter) ခန်းမတွင်​ ယနေ့နံနက် ၁၀ နာရီက ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ Drone မောင်းနှင်နည်း(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် Drone မောင်းနှင်နည်း (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ဆင်းပွဲကို ယနေ့နံနက် (၉) နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

ကျောက်တလုံးကြီးမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများကို အခြေခံပညာမူလတန်းကျောင်း ထီပြွန်တွင် ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

တာလေမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ-တရုတ် (မူဆယ်-ရွှေလီ) နယ်စပ်ဒေသချစ်ကြည်ရေး တင်းနစ်ဖိတ်ခေါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မြန်မာ-တရုတ် (မူဆယ်-ရွှေလီ) နယ်စပ်ဒေသချစ်ကြည်ရေး တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မူဆယ်မြို့ မိုးလုံလေလုံအားကစားရုံရှိ အဆင့်မြင့်တင်းနစ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။           

ကျိုင်းလပ်မြို့၌ တာချီလိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ာ့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျိုင်းလပ်မြို့၊ ဝမ်လုံဘုန်းကြီးကျောင်းတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်