ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးသုံး အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များ၌ အရည်အသွေးနိမ့် မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချနေမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သည့် အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။