ရှမ်းပြည်နယ်

မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံ လိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီတွင် ဟိုနမ့်ကျေးရွာအုပ်စု စျေးကုန်းကျေးရွာ ခန်းမဆောင်တွင်ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ကွန်ဟိန်းမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မိသားစုရှမ်းစက္ကူလုပ်ငန်း လုပ်ကိုင်နေမှုအား ကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ (၄)နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ဝိန်းနန်းကျေးရွာရှိ တစ်ပိုင်တစ်နိုင် မိသားစုရှမ်းစက္ကူလုပ်ငန်း အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ပန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ‌အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာ‌ရေးဌာန၊‌ ဈေးကော်မတီ၊ တာဝန်ခံနှင့်ဈေးသည်များ ပူး‌ပေါင်း၍ ယမေန်နေ့နံနက် (၁၀)နာရီခွဲက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သာယာဈေး၌ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၅၀၀၀၀ ပင်ပျိုးထောင်ထားရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန်အတွက် ဒေသခံပြည်သူများ အနေဖြင့် ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ ကလောမြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၅၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား‌နေ့ချင်းပြီးထုတ်ပေးမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏လမ်းညွှန်မှု နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများအား နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကလောမြို့နယ် ဦစီးမှူးရုံးသို့ မေလ ၁၄ ရက်နေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာ‌ပေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် တောင်သူ အသိပညာပေး သင်တန်းဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် နားစံအုပ်စု၊ နားစံကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူအသိပညာပေးသင်တန်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

လားရှိုးမြို့တွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက် (၁၀) မှ ပြည်သူများအား စုစုပေါင်း သောက်သုံးရေ (၁၈၀၀) ဂါလန် သွားရောက်လှူဒါန်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ရပ်ကွက် (၁၀) ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ (၁၈၀၀) ဂါလန်အား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်