ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လကမ္ဘာဆေးရုံရှိဝန်ထမ်းများနှင့် ဈေးများတွင် မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသ

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စီးဌာနမှ လကမ္ဘာဆေးရုံရှိ ဝန်ထမ်းများအား မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသ မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

တွံတေးမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁) ယုဇနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေး ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အမှတ်(၈)ရပ်ကွက်၊ သုခမြိုင်လမ်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၄ ရက် ညနေ(၄)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) တတိယနေသင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာကြည့်တိုက်ကို အကျွမ်းဝင်ချစ်ခင်၍ ဝင်ထွက်သွားလာကာ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း တတိယနေ့ ယနေ့ နံနက် ၉ နာရီ အချိန်မှ ၁၁ နာရီထိ သင်ကြားခဲ့သည်။

မှော်ဘီမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တတိယနေ့ အစိုးရဓမ္မာစရိယတန်းစာမေးပွဲ သီလက္ခန္ဓဝဂ္ဂဠိအဠကထာ ပထမနေ့စာမေးပွဲကို ယနေ့ ၁၂ နာရီအချိန်က မှော်ဘီမြို့ သာသနာဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။

သင်္ဘောသားနှင့်မိသားစုများ ခံစားချက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲနှင့် CBA – SEA နှင့်စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲကျင်းပ

သင်္ဘောသားနှင့်မိသားစုများ ခံစားချက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲနှင့် CBA–SEA နှင့်စပ်လျဉ်းသည့် ဗဟုသုတဟောပြောပွဲကိုယ​နေ့နံနက်ပိုင်းတွင် အမှတ်(၅၃)၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရုံးခန်း၌ ကျင်းပသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် မြို့ပတ်ရထားများ စတင်ပြေးဆွဲ

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် ရန်ကုန်မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံ၌ ကျင်းပသည်။

ဒလမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်အကြောင်း ရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး