ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းတို့ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် KTV ဆိုင်များနှင့် စားသောက်ဆိုင်များတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊ ဘိုက​လေးဈေးအား မီးလန့်မှုမီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် အသိပညာ‌ပေးဆော်ဩမှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဘိုကလေးဈေးအား မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး အသိပညာပေးဆော်ဩခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ (၁၀း၀၀) အချိန်က တာမွေမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင်ပါ ၅ ဦး စျေးတာဝန်ခံ၊ စျေးလုံခြုံရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

တွံတေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၁၂၄၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၄၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဒလမြို့နယ် ကမာကဆစ်စျေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရန် နည်လမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးတို့အတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်၌ ကမာကဆစ်ဈေးတွင် ပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ်၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။

စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကျွန်း‌တောဓမ္မာရုံနှင့် မြသိန်းတန်ဓမ္မာရုံတို့တွင် ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ်လ ၃ ရက်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးစစ်‌ဆေးခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးငြိမ်းသတ်ရေးလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက စက်မှုဇုန်များ၊ နေအိမ်များ၊ ဈေးများအား အသိပညာပေး စစ်ဆေးကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး