ရန်ကုန်တိုင်းဒေသကြီး

လှိုင်မြို့နယ်တွင် အခြေခံအင်္ဂလိပ်စာ Grammar (အခမဲ့) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ Grammar (အခမဲ့)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ အခြေခံလူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ အခြေခံလူထုကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က သန်လျင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးမှ ပြုလုပ်သည့် ဝါဖြေပွဲ (Iftar) အခမ်းအနားကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးမှ ပြုလုပ်သည့် ဝါဖြေပွဲ n(Iftar) အခမ်းအနားကို မတ် ၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လမ်းမတော်မြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာ အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးကဦးဆောင်၍ တာဝန်ရှိသူများဖြင့် ယ‌မန်နေ့နံနက် (၁၀) နာရီအချိန်က လိုက်လံကြည်ရှုစစ်ဆေးခဲ့သည်။

သာကေတမြို့နယ်၌ ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရ ကမ်ပိန်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရကမ်ပိန်းကို ယမန်နေ့နံနက်ပိုင်းက သာကေတအဝိုင်းထိပ်တွင် ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း( အခမဲ့) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီ‌ကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ ကို မတ် (၃) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးကျန်းမာရေး စောင့်ရှောက်မှုဆေးခန်း၌ သက်ကြီးကျန်းမာရေးစောင့်ရှောက်မှုနှင့် တီဘီရောဂါရှာဖွေကုသခြင်း အစီအစဉ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိသည့် သက်ကြီးကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းနှင့် မြို့နယ်အားကစားခန်းမများတွင် ယမန်နေ့နံနက် (၈) နာရီအချိန်ကစတင်ကာ သက်ကြီးကျန်းမာရေးစောင့်ရှောက်မှုနှင့် တီဘီရောဂါရှာဖွေကုသခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေး

‎‎ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၃ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စျေးများသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးစစ်‌ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက ယမန်နံနက် ၉ နာရီအချိန် စက်မှုဇုန်များ၊ နေအိမ်များ၊ စက်သုံးဆီဆိုင်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး