ရန်ကုန်တိုင်းဒေသကြီး

တောင်ဥက္ကလာပမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများ သတ်မှတ်ကာလ ကျော်လွန်၍ ဘုတ်အဖွဲ့ဖြင့် ဖွဲစည်းပြီး စနစ်တကျမီးရှို့ဖျက်ဆီးခြင်းအား အမှတ် (၁၀) ရပ်ကွက်၊ အနော်ရထာလမ်း ဗိုလ်တထောင်၊ အ.ထ.က (၆) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့သည်။

ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ပိုမိုသိရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီအဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်‌တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး‌ဟောပြောခြင်း မီးသရုပ်ပြသခြင်းနှင့် တိုင်းရင်းဆေးများဖြင့် ကျေးရွာအရောက်ကွင်းဆင်းကုသခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ တိုင်းရင်းဆေးများဖြင့် ကျေးရွာအရောက် ကွင်းဆင်းကုသခြင်းများကို ယနေ့နံနက်ပိုင်းက မှော်ဘီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၀န်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုရာထူး၀န်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ၀န်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ခြင်ဆေးခွေစက်ရုံအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေး၊ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာနမှ လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်းဆန်စက်ဝင်းအတွင်ရှိ Diesel King Co.ltd ဂေါ်ဇီလာခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ‌ ဒေါက်တာအေး ကျော်ရေးသားသော ပတ်ဝန်းကျင်နှင့် ကျန်းမာရေးစာအုပ်ဖြင့် ယနေနံနက်ပိုင်းက လူငယ်စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။

ခရမ်းမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်‌ဈေးကွက်အတွင်း ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး