မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့်ရူပဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအားမတ်လ ၁၆ ရက်၊နံနက် ၉ နာရီကစတင်၍ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။

ညောင်ဦးမြို့ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်နှင့်ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်) အရည်အချင်းစစ်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ)တွင် ၂၀၂၅-၂၀၂၆ ပသာသင်နှစ်၊ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း အရည်အချင်းစစ် စာမေးပွဲအား မတ် ၁၆ ရက် နံနက် ၉ နာရီကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များ ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦး ဆက်လက်ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ တိုင်း‌ဒေသကြီး/ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ‌မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပလျက်ရှိရာ မြစ်သားမြို့နယ်တွင်လည်း မတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ၊ သမိုင်းဘာသာရပ်များကို စာစစ်ဌာနလေးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁,၃၀၈ ဦးတို့ ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၂၈၃၇ ဦး ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်း သတ်မှတ်စာစစ်ဌာနနေရာများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုကြသည်။

ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာ၌ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးအပြင် ကာလတိုသီးနှံများနှင့် ဈေးကွက်ဝင် ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သံရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၅၈ ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့်သမိုင်းဘာသာကို ယနေ့နံနက် ၉ နာရီမှစ၍ အ.ထ.က(ငါန်းဇွန်)စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ  Grade-12 ကျောင်းသား၊ ကျောင်းသူများ ရှုပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းကစတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို Grade-12 ကျောင်းသား၊ ကျောင်းသူများက ရှုပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိသည်။

‎မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  ၁၆၅၇ ဦး လာရောက်ဖြေဆိုကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာန (၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး