မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ် အင်းကြီး‌ကျေးရွာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အင်းကြီး ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ မြတစ်သိန်းတန် အမေကြီးသန့် ဓမ္မာရုံတွင်ကျင်းပသည်။

မလှိုင်မြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကြိုတင် ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ(အပိုင်း-၃)ကို ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၌ ကြက်ခြံသားပေါက်များ မီးအပူငွေ့ပေးရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၊ နယ်မြေ(၂) တွင်၊ ဇန်နဝါရီ ၁၈ ရက် ည ၁၀ နာရီ ၅၀ မိနစ်က၊ ကြက်ခြံတစ်ခြံမှ ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် အပူငွေ့ပေးရာမှ အနီးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းဆွေနှင့် တာဝန်ရှိသူများကြည့်ရှုစစ်ဆေးသည်။

ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပြင်ဆင်ထားမှု အခြေ အနေအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်လှည့်လည်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မဟာအောင်မြေခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်​မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံပြင်ဆင်ထားမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနသည် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)အဖြစ် အသိပညာပေး စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်တွင် မြစ်သားမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ကို ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ သက်ဆိုင်ရာမဲရုံများ တွင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တ‌‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် စစ်တုရင်ပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး၊ ကြက်တောင်ရိုက်ပြိုင်ပွဲ(အမျိုးသား၊အမျိုးသမီး)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)၊ ဘော်လီဘောပြိုင်ပွဲ(အမျိုးသား၊၊အမျိုးသမီး) စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၁ ၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး