မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် ပညာရေးမှူးရုံးတွင် ရုံးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော သိပ္ပံဆောင်အဆောက်အဦအသစ် တည်ဆောက်ပြီးစီးကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

တံတားဦးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် ပညာရေးမှူးရုံးတွင် ရုံးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦသစ် ဆောက်လုပ်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်လျက်ရှိသော သိပ္ပံဆောင်အဆောက်အဦအသစ် တည်ဆောက်ပြီးစီးကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

မလှိုင်မြို့နယ် Community Centre ၌ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွန်မှာကြားချက်နှင့် ဆုံးဖြတ်ချက်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များကို ထပ်ဆင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် ကျေးရွာမုဒ်ဦး ဆိုင်းဘုတ်နှင့် ကွန်ကရစ်လမ်း (၅၅၀) ပေ ဖွင့်ပွဲကျင်းပ

ရမည်းသင်းမြို့နယ်၊ ကံသာအေးကျေးရွာတွင် စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဖြစ်သည့် ကျေးရွာမုဒ်ဦး ဆိုင်းဘုတ်နှင့် ကွန်ကရစ်လမ်း (၅၅၀) ပေ ဖွင့်ပွဲအား ယနေ့နံနက်တွင် ကျင်းပပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၇၃၆ ဦးဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား/ကျောင်းသူ ၁၇၃၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား/ကျောင်းသူ ၁၇၃၆ ဦးဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုတွင် ကျောင်းသား/ကျောင်းသူ ၁၇၃၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင် မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် တံခွန်တိုင်ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စက်မှုတိုင်း(၄)တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ်၌ စာပေဝါသနာရှင်လူငယ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များ၊ စာပေဝါသနာရှင်လူငယ်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို မတ် ၆ ရက် နံနက် ၁၁ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌  ပြုလုပ်သည်။

မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မတ် ၆  နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသောလူငယ်များ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပပေး

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် လူငယ်များ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းကို မတ် ၅ ရက် နံနက် ၉ နာရီက မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး