မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ကျောင်သူ ၁၃၇၁ ဦးဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သား မြို့နယ်၌  ၂၀၂၆ခုနှစ်တွင် ကျင်းပမည့်တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၉၅၀ ဦးနှင့် အပြင်ဖြေကျောင်းသား၊ ကျောင်းသူ ၃၉၁ ဦးဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ များတင်သွင်းထား‌ ကြောင်းသိရသည်။

တံတားဦးမြို့နယ် စာစစ်ဌာနနှစ်ခုတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီ ၂၃ရက်မှစတင်ကာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အတွင်း နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများစတင်ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း ဒေသခံတောင်သူများ နွေစပါးနှင့်နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဇော်ဂျီရေသောက်စနစ်ရှိ မြို့ကြီးရေလှောင်တမံနှင့် ရေလွှဲဆည် များမှတစ်ဆင့် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု(ကြီးကြပ်) သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု (ကြီးကြပ်)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပသည်။

သပြေဝ-အောင်ဆန်း ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အနောက်ဖက်အခြမ်းအား ဓာတ်အားဖြန့်ဖြူးပေးထားသော 33KV သပြေဝ-အောင်ဆန်း ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း  မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား နိပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

မန္တလေးမြို့ သဒ္ဓမ္မပါလ ရဟန်းကျော်စာမေးပွဲတွင် ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့ကြသည့်  စာဖြေအောင်ရဟန်းကျော် ၆၅ ပါး အား နဝကမ္မဝတ္ထုငွေများလှူဒါန်း

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် မန္တလေးတိုင်းဒေသကြီး သံဃနာယအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခန္ဒြိယာဘိဝံသ ဆရာတော်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် နေရာ ၅ နေရာတွင်တိုးချဲ့ထားရှိပေးမည်

မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းကိရိယာများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နေရာ ၅ နေရာတွင် တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြင်းခြံတက္ကသိုလ်ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး