မန္တလေးတိုင်းဒေသကြီး

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှစ်ရက်ကြာကျင်းပမည့် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ခဲ့သည်။

မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် နေရာ ၅ နေရာတွင်တိုးချဲ့ထားရှိပေးမည်

မိတ္ထီလာမြို့၌ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သည့် ကိရိယာပစ္စည်းကိရိယာများကို အများပြည်သူအသုံးပြုလေ့ကျင့်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုနှင့် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့် နေရာ ၅ နေရာတွင် တိုးချဲ့ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြင်းခြံတက္ကသိုလ်ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် မမသိုင်းစေတီတော်၌ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ ဇမ္ဗူမာန်အောင် ဆုတောင်းပြည့် မမသိုင်းစေတီတော်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များ အသစ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ သိမ် ၉ သိမ် အကြိမ်(၂ဝ)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ရှင်အရဟံ ရဟန္တမထေရ်မြတ်ကြီး ဦးဆောင်သမုတ်တော်မူခဲ့သော သိမ် ၉ သိမ်တွင် အကြိမ် (၂ဝ)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွက် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆည်ကုန်းကျေးရွာအနီးရှိ ပဲသီတာသိမ်တော်မြတ်ပရဝုဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ Grade-5၊ Grade-9 ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လှည့်လည်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5၊ Grade-9 ကျောင်းသား/သူများစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာအထက်တန်းကျောင်းများတွင် ဖြေဆိုလျက်ရှိသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌  ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် အသားငါးဒိုင်များပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ မန္တလေးလမ်းမှ လျှော်ဖြူကန် - ပျဉ်သာလမ်း လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကျောက်လမ်းပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာန၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းဗွီဒီယိုမှတ်တမ်းများ ရိုက်ကူးတည်းဖြတ်တတ်စေရန်ရည်ရွယ်၍ သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကိုရီးယားသမ္မတနိုင်ငံမှလှူဒါန်းသော ဆန် (၁၆၂၀) တန်အား မန္တလေးတိုင်းဒေသကြီးရှိ ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ် Ms. Kim Weolsoon၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး