မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်၌ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရလဒ်များ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုပျော်ဘွယ်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲမဲရလဒ်များထုတ်ပြန် ကြေညာခြင်းကို ဒီဇင်ဘာလ ၂၉ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင်ပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့်နှင့်အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေး

ညောင်ဦးမြို့နယ်၌ ၂ဝ၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီက သက်ဆိုင်ရာမဲရုံအသီးသီးတွင် ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ ဓမ္မာရုံအသစ် ပြန်လည်တည်ဆောက် ရေစက်ချလှူဒါန်းခြင်း အခမ်းအနားကျင်းပ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ ဓမ္မာရုံအား အသစ်ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်ကာ ရေစက်ချလှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးမြင့်အောင်၊ ကျောက်ဆည်မြို့နယ် မဲရုံများသို့ ဆန္ဒမဲလာရောက် ပေးသည့် ပြည်သူများအား ရေသန့်၊ အချိုရည်၊ဒိန်ချဉ်ဗူးများ ဝေငှ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ဦးမြင့်အောင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်လျက်ရှိသည့် ကျောက်ဆည်မြို့နယ် မဲရုံများသို့ ဆန္ဒမဲလာရောက်ပေးသည့် ပြည်သူများ ရေသန့်ဗူး၊ အချိုရည်၊ ဒိန်ချဉ်ဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၁)ကို ယနေ့ နံနက် ၆ နာရီမှစတင်  ကျင်းပရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကျင်းပသည်။ ချမ်းအေးသာစံမြို့နယ်၌ ရပ်ကွက် ၂၀ ၌ စုစုပေါင်း မဲရုံ  ၇၀ ၊  စုစုပေါင်း မဲဆန္ဒရှင်ဦးရေ ၁,၂၆,၀၆၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာလာရောက် ဆန္ဒမဲပေး

မိတ္ထီလာမြို့နယ်၌ ၂ဝ၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၆ နာရီအချိန်က သက်ဆိုင်ရာမဲရုံအသီးသီးတွင်ပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်သူများနှင့်အတူ ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီက စတင်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဆန္ဒမဲများ လာရောက်ပေးကြပြီး၊ မဲဆန္ဒရှင်ပြည်သူများလည်း မဲရုံအသီးသီး၌ လာရောက်မဲပေးလျက်ရှိသည်။

ကျောက်ဆည်မြို့နယ်ရှိ မဲရုံပေါင်း ၁၈၉ ရုံ၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်  နံနက်ပိုင်းတွင်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ ကျေးရွာ(၂၂၃)ရွာ၌ မဲရုံ ၁၈၉ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၉၀၁၁၁ ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး