မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) တွင် တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်၊ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) များ၊  ဌာနမှူး (စီမံ/ဘဏ္ဍာ)၊ ဌာနမှူး (သင်တန်းရေးရာ)၊ မော်ကွန်းထိန်း (ကျောင်းသားရေးရာဌာန)၊ ဌာနခွဲမှူး (အဝေးသင်-သင်တန်း)နှင့် တက္ကသိုလ်စာကြည့်တိုက်မှူးတို့ တက်ရောက်ကြသည်။

ချမ်းမြသာစည်မြို့နယ်၌ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင် စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်များအလိုက် စနစ်တကျ မြေပြင်ကွင်းဆင်းပြုလုပ်‌ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

ညောင်ဦးမြို့နယ်၌ မဲပေးစက်ထားရှိသည့် နေရာတို့အား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံစိတ်ချရမှုရှိစေရေး ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။  

မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့၊ သမဝါယမ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သမဝါမယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်ကျောင်း (မန္တလေး)ရှိ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက  တက်ရောက်လေ့လာခဲ့ကြသည်။

မိတ္ထီလာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ်ရှိ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၂၆၆၁၀၉၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၂၉၀၄၂ ဧက ရိတ်သိမ်းပြီးစီးခဲ့ပြီး စပါးတင်းစုစုပေါင်း၂၆၆၁၀၉၉ တင်းထွက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်၌ တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ အမရပူရမြို့နယ်၌ တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက် ၁ဝ နာရီက အမရပူရမြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများနှင့် မော်တော်ဆိုင်ကယ်အရောင်းပြခန်းများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာညီညီဈာန်ရေးသားသော “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ(၁)နာရီအချိန်က  မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား စစ်ဆေးခြင်းနှင့် “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဝင်များ၊ ဌာနဆိုင်ရာများ။ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့်အဖွဲ့သည် မြို့နယ်အတွင်း မဲရုံအဖြစ်ကျင်းပ ပြုလုပ်မည့်နေရာများနှင့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ(၂)နာရီခွဲက ဘတ္တကျေးရွာ အုပ်စုအတွင်းရှိကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ချမ်း​မြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး