ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆီထွက်သီးနှံနေကြာ (ရုရှား)မျိုး စိုက်ပျိုးပွဲအား တက်ရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ တောင်သူဦးဝင်းလှိုင်၏ စိုက်ဧက (၇) ဧကတွင် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံနေကြာ MAKHAON KLP/IPPOLIT/VULKAN OR (ရုရှား)မျိုး စိုက်ပျိုးပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဖျာပုံမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ BBM ဝန်းအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၅) နာရီက အဆိုပါ BBM ဝန်းအတွင်းရှိ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ကြသည်။

ဖျာပုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်  စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေး၊ ကွင်းအမှတ်(၄၅၇/A)၊ ဦးပိုင်အမှတ်(၁၉/၂)၊ ဧရိယာ(၇)ဧကရှိ တောင်သူ ဦးမောင်မောင်၏ လယ်ယာမြေတွင် ယနေ့ နံနက် (၉) နာရီအချိန်က နွေစပါးစိုက်ပျိုးရာသီ၌ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင်တွင် ကျင်းတစ်ထောင် ဆီတစ်ပုံး နေကြာစိုက်ပျိုးထားရှိမှုအား ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ငရုတ်ကောင်းမြို့တွင် ဆောင်းဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ချစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတောင်သူ ဦးဝင်းနိုင်၏လယ်မြေ၌ ဆောင်းဆီထွက်သီးနှံ(ပဲပုပ်)မျိုးစေ့များအား စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)ရပ်ကွက်၊ စက်မှုလယ်ယာအဝင်လမ်းနှင့် ပေါင်းဆန်စက်ရုံ အဝင်လမ်းဆုံရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ဒေသမျိုးရင်း ပေါ်ဆန်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် ပေါ်ဆန်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က မြင်းကကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၂၇)၊ ဦးပိုင်အမှတ် (၃၂/၁)၊ (၃၃/၆) (၃၈/၁)ရှိ ပေါ်ဆန်းဇုန်ဧရိယာတွင် စိုက်ပျိုးထားသော တောင်သူ ဦးဝင်းနိုင်၏ စပါးစိုက်ဧက (၃၄.၄၅)ဧကအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)လမ်း၊ အိမ်အမှတ်(၁၀)၊ ဒေါ်မြမြလွင်(ဘ) ဦးအေးသောင်းနေသူ၏ အလျား(၁၇) ပေ၊ အနံ(၄၀)ပေ၊ သွပ်မိုး၊ RC (၁) ထပ်လူနေအိမ်တွင် ယမန်နေ့နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၉) နာရီအချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကုသ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီအချိန်က အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးမျိုးစေ့ချကိရိယာ (seeder) စနစ်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးမျိုးစေ့ချကိရိယာ (seeder)စနစ်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်း အခမ်းအနားအား တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး