ဒေးဒရဲမြို့၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ ဒေးဒရဲ-ဖျာပုံ ကားလမ်းမတစ်လျှောက်မှ မြို့မဘောလုံးကွင်းသို့ ပျော်ပျော်ပါးပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။