ဧရာဝတီတိုင်းဒေသကြီး

ဖျာပုံမြို့၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁) သိန်းလွှတ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဆုတောင်းပြည့် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး ဂေါပကအဖွဲတို့ ပူးပေါင်း၍ ကဆုန်ညောင်ရေ သွန်းပွဲနှင့်ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁)သိန်းလွှတ်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးရှေ့တွင် ကျင်းပပြုလုပ်သည်။

ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်(၃/၂၀၂၆) သင်တန်း မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) အဆင့် (၃/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့အ.ထ.က(ခွဲ)ရေနံမြေကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟင်္သာတအကျဉ်းထောင် မှ ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) အခါသမယ အထိမ်းအမှတ် အားဖြင့် အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင် သီးသန့် တရားရုံးတွင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊  ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက် ထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား အကျဉ်းထောင်မှလွှတ်ပေးခဲ့သည်။

ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက  လိပ်ချောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၈၃) ရှမ်းတောင်ဦးပိုင်အမှတ်  (၁၁/၅) ဝောာင်သူ ဦးကိုဝင်း လယ်မြေ (၂.၆၅)ဧကနှင့် ဦးပိုင်အမှတ် (၅/၂) ဒေါ်အုန်းရီ (၂.၅၀)ဧကတွင် ကျင်းပပြုလုပ်ရာ  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ သာယာကုန်းတွင် ကျင်းပပြုလုပ်သည်။

ကျိုက်လတ်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ရေသန့်စင်စက် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက် ဖြင့် ဘုံလုံချောင်းကျေးရွာတွင် ရေသန့်စင်စက်ဆောက်လုပ်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အင်္ဂပူမြို့နယ်၊ ပန်းဒိုးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့်‌ ညောင်ကျိုးကျေးရွာအုပ်စု၊ ပန်းဒိုးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အ-မ-က(ပန်းဒိုး) တွင် ပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကြံခင်းမြို့၊ ရွှေတောင်ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲနှင့် စတုဒီသာနိဗ္မာန်ဈေးပွဲတော်ကျင်းပ

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေတောင်ကျောင်းတိုက် ပုရဝဏ်ရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် သွန်းလောင်းကြခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး