ဟိုင်းကြီးကျွန်းမြို့ အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံခိုင်သန်စွမ်း၍ အားကစားထူးချွန်စေရန်အတွက် ဒီဇင်ဘာကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ)ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။