ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံးခန်းတွင် ယနေ့နံနက် (၉) နာရီခွဲ အချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊  မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ် ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်သည်။

ဒေးဒရဲမြို့၌ ဒေသထွက်ဆန်များ စျေးနှုန်းသက်သာစွာ ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ယနေ့နံနက် (၈) နာရီက မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ကြေငြာခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများ ကို နိုဝင်ဘာလ ၂၁ နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကျုံပျော်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် UID ကောက်ယူ ရေးကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသူများအား ကျုံပျော်မြို့ ဧရာမင်းခန်းမအတွင်း၌  မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) နှင့် UID ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ယမန်နေ့နေ့လယ်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။

ငရုတ်ကောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းတိုးပွားစေ‌၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ ၂ နာရီက ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်း‌ ရွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM-INSTALLATION) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ခဲ့သည်။

ကြံခင်းမြို့နယ်၊ အထက(ဆိပ်သာ)ကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်မားလာစေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ​ဆိပ်သာကျေးရွာ၊ အ.ထ.က ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းစုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာများရှိ ကျောင်းသား၊ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရေး၊ တရားမဝင်လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်သတိထားရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး