ဘိုကလေးမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကြေညာ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၆) အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍ ဒုတိယအကြိမ် မဲစာရင်းများအား ယနေ့နံနက်ပိုင်းကစတင်၍ ကြေညာထားရှိသည်။