ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အ.မ.က(ပန်းရံစု)ကျောင်းတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ကာ နိုဝင်ဘာ ၁၉ ရက်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပသည်။