ဧရာဝတီတိုင်းဒေသကြီး

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဖျာပုံမြို့ အ-ထ-က (၃)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ​ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ-ထ-က (၃) ကျောင်း၊ မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စတုတ္ထအကြိမ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်း မာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထအကြိမ်)အာဟာရ ကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင်အမှတ်(၂)အခြေခံ ပညာအထက်တန်း ကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် မြို့မရပ်ကွက်နှင့် သမ္မရာအင်း ကျေးရွာတို့တွင် ဆောင်းနေကြာစိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် သမ္မရာအင်းကျေးရွာ တို့၌ ယနေ့နံနက်ပိုင်းက  ကိုင်းမြေ(မြေနုကျွန်း)နှင့် လယ်မြေတို့တွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဒေသအတွင်း ဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ဆောင်းနေကြာ Supersun 41 များကို စုပေါင်းစိုက်ပျိုး လျက်ရှိကြသည်။

ဖျာပုံမြို့နယ်ရှမ်းကွင်းကျေးရွာမိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု ၊ ရှမ်းကွင်း ကျေးရွာ တောင်သူ ဦးနေမျိုးဝင်း ကွင်းအမှတ် ၄၅၇ A ၊ ဦးပိုင်အမှတ် ၂၆ / ၇ ၊ လယ်မြေ(၃) ဧက တွင် ပေါ်ဆန်းရင် (ဘေးကြားတောင်ပျံ) စပါးမျိုးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉  နာရီခွဲအချိန်က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

လပွတ္တာမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့မ(၁)မိုင်ရှမ်းစုကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုတ် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ ပဲပုပ် မျိုးစေ့များ ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ ပဲပုပ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာရှိ တောင်သူ(၁၈၆)ဉီး၏ စိုက်ဧက(၄၅၆)ဧကတွင် ဆီတိုးပဲပုပ်မျိုး အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ကြံခင်းမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ​ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)၌ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရှိ သမဝါယမအသင်းပိုင်ကိုင်းမြေများတွင် ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ပျိုးအောင်မြင်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုနှင့် သောကြာဒူးအုပ်စုတို့တွင် သမဝါယမအသင်းပိုင် ကိုင်းမြေများပေါ်၌ ဆောင်းသီးနှံ( မြေပဲ၊ ပဲပုတ်၊ ခရမ်းချဉ်) စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး