ဧရာဝတီတိုင်းဒေသကြီး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးစုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ (အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောိတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့နံနက်ပိုင်းက  သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့်ည၌ ဘိုကလေးမြို့နယ်တွင် (၃၉) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နိုဝင်ဘာ (၃) ရက်၊ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး တန်ဆောင်မုန်းလပြည့်ည၌ ဘုရားပွဲတော် ဒုတိယနေ့အဖြစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်အောင်မြို့ သမိုင်းဝင်ရွှေဘုံသာဘုရား၌ ဆီမီး(၃၀၀၀)ပူဇော်ပွဲနှင့် ဆီမီးပူဇော်ပွဲများ ကျင်းပ

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ညချမ်းတွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့သမိုင်းဝင်ရွှေဘုံသာဘုရားတွင်ဆီမီး(၃၀၀၀)ပူဇော်ပွဲနှင့်နှင့် ဘုရားစေတီပုထိုးများတွင် လျှပ်စစ်မီးရောင်စုံပူဇော်ခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင်  လျှပ်စစ်မီးရောင်စုံများဖြင့် ပူဇော်ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ) အခါတော်နေ့တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့တွင် ငပုတောမြို့နယ် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်‌ကောင်းမှူပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းပေါ်တွင် ပြင်ဆင်/ ဖြည့်စွက်/ ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ပထမကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သော လူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သောလူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်လုံးဆိုင်ရာ (၃၉) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် တတိယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် ကျင်းပခဲ့ရာ ယခုနှစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နိုဝင်ဘာ (၃) ရက်၊ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့  ညနေ (၆) နာရီမှ စတင်ကျင်းပခဲ့ပြီး ဘုရားပွဲတော် တတိယနေ့အဖြစ် တန်ဆောင်မုန်းလပြည့်ကျေ ာ်(၁) ရက်နေ့ညတွင် စည်ကားသိုက်မြိုက်စွာဖြင့် ဆက်လက်ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး