ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်ဟောပြောပွဲ ပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောပွဲကို အောက်တိုဘာ ၁၄ နေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။