ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်ဘာသာရပ် မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဝါးခယ်မတွင် အောင်နိုင်တိုးစပါးမျိုး စံကွက်ရိတ်သိမ်းရာ တင်း (၁၃၀)  ထွက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ ကွင်းအမှတ် (၁၀၁၆)၊ ဦးပိုင်အမှတ် (၁၃)၊ တောင်သူ ဦးဘညိမ်း၏ လယ်မြေ (၇.၂၃) ဧက၌ အောက်တိုဘာလ ၁၁ ရက် နံနက် ၉ နာရီက အောင်နိုင်တိုးစပါးမျိုး စံကွက် ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောက်တိုဘာ ၉ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့်   မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၅ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ် သူနှင့်နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံကမ်းခြေတွင် မျှင်အုပ်များတွေ့ရှိ၍ မျှင်ကွန်ပြစ်သမားများအလုပ်ဖြစ်လာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း မျှင်အုပ်များတွေ့ရှိ၍ မျှင်ငပိများရရှိရန်မျှင်ရှာဖွေကြသူများ အလုပ်ဖြစ်လျက်ရှိသည်။

မအူပင်မြို့၌ ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက တန့်ငူကျေးရွာ အုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၊ အောင်တော်မူသာသနာ့ရောင်ခြည် ကျောင်းဝန်းမြေ (၁) ဧက ပေါ်တွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ မဲစာရင်းကပ်ထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်၊ ကျေးရွာများသို့ တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျောင်းကုန်းမြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး