ဧရာဝတီတိုင်းဒေသကြီး

ဟင်္သာတမြို့နယ်တွင် ထွန်းတောက်ကြယ် နွားမွေးမြူရေး သမဝါယမ အသင်းသားများအား ချေးငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ထွန်းတောက်ကြယ်နွားမွေးမြူရေး သမဝါယမ အသင်းသားများအားချေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့ ညောင်ပင်ရပ်ကွက်အလယ်လမ်းရှိ နွေသံဃဒါနဆွမ်းလောင်းအသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ရပ်ကွက်စာကြည်တိုက်များသို့ စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ Mother သောက်ရေ သန့်အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က ကြံခင်းမြို့နယ်အသင်း(ရန်ကုန်) အသင်းတည်ထောင်ခြင်း (၇၅)နှစ်မြောက်(စိန်ရတု)နှစ်ပတ်လည်အထိမ်းအမှတ် အထက(၃)ကျောင်း နှင့် ရပ်ကွက်စာကြည့်တိုက် (၂)တိုက်အား စာအုပ်မျိုးစုံနှင့် အလှူငွေပေးအပ်ပွဲကျင်းပခဲ့သည်။

ငပုတောမြို့တွင် အသက်( ၁၀၀) နှစ်အထက်အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့၌ အသက်(၁၀၀)နှစ်အထက် အဘိုးအဘွားများ အားထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း အားယနေ့ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်မားရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်းမြို့တွင်ဆီထွက်သီးနှံ နေကြာနှင့် ပဲပုတ်စိုက်ဧကပြည့်မီရေး တောင်သူနည်း ပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ဆီထွက်သီးနှံနေကြာနှင့် ပဲပုတ်စိုက်ဧကပြည့်မီရေးတောင်သူနည်း ပညာပေးဆွေးနွေးပွဲ ကိုယမန် နေ့ မွန်းလွဲ(၁း၀၀) နာရီအချိန်ကသရက်ချောင်း ကျေးရွာ၊ဓမ္မာရုံ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လမ်းဦးစီးဌာန၊  လမ်းအထူးအဖွဲ့၊ တံတားအထူးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ သင်တန်းပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကပ်ရောဂါအသွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ သင်တန်းကို စက်တင်ဘာလ ၂၉ ရက်နေ့ က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ သင်တန်း ဖွင့်လှစ် ပို့ချခဲ့ကြသည်။

လေးမျက်နှာမြို့နယ်၌ စပါးခြွေလှေ့စက်ဖြင့် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ် ၁၂၂၃၊ ဦးပိုင်အမှတ် ၉၆၊ တောင်သူ ဦးတင်မျိုးထွေး၏ လယ်မြေတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲကျင်းပခဲ့သည်။

အင်္ဂပူမြို့နယ်တွင်မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နေ့လည်ပိုင်း ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုးထုတ်လုပ်ရေး သမအသင်းသားများအား မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှား သဘာဝမြေဩဇာ (Ruma Organic) ဆေးများအသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်ကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍  ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Export Zone ဖော်ဆောင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌  Export Zone ဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး