ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ယနေ့နံနက်ပိုင်းကစတင်၍ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။