ဘိုကလေးမြို့နယ်တွင် အခြေခံကျောင်းများသို့ ကွင်းဆင်း၍ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများထိုးနှံ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီ၌ စတင်ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။