ဧရာဝတီတိုင်းဒေသကြီး

ပန်းတနော်မြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြုလုပ်ပေးခြင်းကို စက်တင်ဘာ ၂၀ မင်းဆယ်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်း (လှိုင်းတာ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၀ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက ဒေးဒရဲ မူလတန်းကြိုကျောင်း၌ ကျင်းပရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မူမူထွန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်း ဆေးကုသမှုပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှု၊ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံ၊ ပုသိမ်ခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ငါးသိုင်းချောင်းမြို့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့) ကွင်းဆင်းဆေးကုသမှုကို စက်တင်ဘာ ၂၁ နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀) ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၅-၂၀၂၆ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဆုများချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား “ရွှေကြာသင်္ကန်းရက်ကန်းရက်ပြိုင်ပွဲ”ကို စက်တင်ဘာလ (၁၈)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည်။

ငါးသိုင်းချောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေး လုံခြုံရေးသရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပါက လက်တွေ့အသုံးချနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (တက်ဆိပ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ် အ-ထ-က(ခွဲ) ခလောက်သိုက်တွင်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ခလေက်သိုက်ကျေးရွာ၊ အ-ထ-က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်နိုင်သော ရောဂါများအား ကာကွယ်ကုသပေး 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူများအား မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး