ဧရာဝတီတိုင်းဒေသကြီး

ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ဆောင်းသီးနှံ(နေကြာ)စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ဆောင်းသီးနှံ(နေကြာ)စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများတက်ရောက်ကြသည်။

မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ မဟာဗောဓိဘုရားကြီး တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေး

ဧရာဝတီတိုင်းဒေသ‌ကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားအုန်းဆီထုတ်ယူခွင့်စာအုပ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံ စနစ်တကျထုတ်ပေးခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ဟင်္သာတမြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ)နှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျော် (မျိုးစေ့ထုတ်) စိုက်ပျိုးထုတ်လုပ်မှု ကျေးရွာအုပ်စုများသို့ စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ)နှင့် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော် (မျိုးစေ့ထုတ်) စိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတာဝန်များကို ကျေးရွာအုပ်စုများသို့ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ် သာယာလှပစေရေး အလှပန်းပင်များ စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အား သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စဉ်ဆက်မပြတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘိုကလေးမြို့နယ်သာယာလှပစေရေးအတွက် အလှပန်းပင်များ စိုက်ပျိုးခဲ့ကြသည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် မိုးရာသီကာလဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်သိရှိကာကွယ်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ငရုတ်ကောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ယနေ့နံနက်ပိုင်းက နံ့သာပုကျေးရွာခွဲ(အ.ထ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ် တမာတကောကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ  ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် စေရေးရည်ရွယ်၍ တိုင်းဒေသကြီးဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တမာတကော ကျေးရွာနှင့်တူးမြောင်းကျေးရွာ၊ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်​နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ယနေ့နံနက်ပိုင်းက အုန်းပင်စုကျေးရွာနှင့် သမက်ပြေကျေးရွာအုပ်စုများတွင် ပေါ်ဆန်းဇုန် စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး