ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အဆင့်မြင့်မြမင်္ဂလာရုပ်ရှင်ရုံ၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်(၉း၀၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စိစစ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စိစစ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ၌ စက်တင်ဘာလဆန်းပိုင်းမှစ၍ မျှင်ဖမ်းစက်လှေသမားများ စတင်အလုပ်ဖြစ်လာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ကမ်းခြေတွင် ယခုစက်တင်ဘာလဆန်းပိုင်းမှစတင်၍ မျှင်အုပ်များစတင်တွေ့ရှိလာသည့်အတွက် မျှင်ဖမ်းစက်လှေများဖြင့် လိုက်လံ၍ မျှင်ရှာဖွေကြသူများလည်းရှိလာကြကြောင်း သိရသည်။

ကြံခင်းမြို့၌ နေကြာစိုက်ပျိုးနေမှုနှင့် ထော်လာဂျီများ လိုင်စင်ဆောင်ရွက်ပေးနေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာတွင် နေကြာစိုက်ပျိုးနေမှုနှင့် မြို့မရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ထော်လာဂျီများ လိုင်စင်ဆောင်ရွက်ပေးနေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (ARCCI) ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တွင် အာစရိယပူဇော်ကန်တော့ပွဲ အခမ်း အနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းဘွဲ့နှင်းသဘင်ခန်းမတွင် စက်တင်ဘာ ၁၃ နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ကြံခင်းမြို့၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုများအားကွင်းဆင်း ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သုံးမိုင်ပတ်လည် Clean land city zone ဖော်ဆောင်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုများအားကွင်းဆင်းကြည့်ရှုကြသည်။

လပွတ္တာခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင် ကုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင်  (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးစီး၍ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ အိမ်ထောင်သည်မိသားစုဝင်‌ရဲမေများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ (၁၃) ရက်၊ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး