အိမ်မဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား စိုက်/မွေးတက္ကသိုလ်(မအူပင်) တတ်ရောက်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) တတ်ရောက်နိုင်ရေးအတွက် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။