ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ(၁၅၀ပေ× ၁၁၀ပေ)အဆောက်အဦတည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့ကြသည်။